Writen by
Tachileik News Agency
6:56 PM
-
0
Comments
တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ဦးဆောင်သော မြို့နယ်ပညာရေး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့်ဝင်းလှ နှင့် မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူ များသည် ၂၀၁၂ခုနှစ် အောက်တိုဘာ(၁၅)ရက်နေ့ နံနက်(၈)နာရီမှ ညနေ(၄)နာရီထိ မြို့နယ်အတွင်းရှိ အောက်ဖေါ်ပြပါ ကျောင်းများသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
(၁) အထက(ခွဲ)မိုင်းကိုး
(၂) ရန်ရှင်း(မူလွန်)
(၃) မောတွီ(မူလွန်)
(၄)မယ်လိတ်ပါကော်(မူလွန်)
(၅) အမက-ယန်းခမ်း
(၆) အမက-၀မ်မုန်
(၇) အမက-ရန်နိုင်
(၈) အမက-ကော်မယ်လိတ်

စစ်ဆေးတွေ့ရှိရချက်များအရ မိဘပြည်သူများ၏ ချစ်ခင်လေးစားမှုကို ခံယူပြီး စည်းရုံးရေးဖြင့် ကျောင်း၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာမြင့်မားရေးကို ပညာရေးဌာနလမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားရန် ၊ကျောင်းသန့်ရှင်းရေး ကို မိမိကျောင်းသားအင်အားဖြင့်ကြိုးစားဆောင်
ရွက်ပြီး လိုအပ်ပါက ရပ်ရွာမိဘများ ပါဝင်လာရေးအတွက် စည်းရုံးဆောင်ရွက်ရန်၊ ကျောင်းစိမ်းလန်းစိုပြည်ရေးအားအထူးဆောင်ရွက်ကြရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်များ ပေါ်ပေါက်လာရေးအတွက် မူလတန်းမှစ၍ စနစ်တကျပျိုးထောင်ကြရန်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ကြိုးစားဆောင်ရွက်ရန်၊ ကျောင်းသားဗဟိုပြု စီစီအေနည်းစနစ်ဖြင့် ထိရောက်သောသင်ကြားမှုဖြစ်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် ၊ ကျောင်းရုံးလုပ်ငန်းများအား စနစ်တကျဖြစ်စေရေးအတွက် ကျောင်းအုပ်ကြီးများက ဦးဆောင်ပြီး ထိန်းသိမ်းဆောင်ရွက်၍ အချိန်နှင့်တစ်ပြေးညီ ဌာနသို့တင်ပြဆောင်ရွက်ကြရန်တို့ကို လမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ။ ။ မြတ်မျိုးမြင့်မာန်
မှတ်တမ်းဓါတ်ပုံများကိုကြည့်ရန်



Social Buttons