Writen by
Tachileik News Agency
7:50 PM
-
0
Comments
ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့နယ်ခွဲရှိ အမျိုး ဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပထမဆုံးအကြိမ်မြောက် အထူးတရားပွဲကို အမှတ်(၃၁၆)တပ်ရင်းရှေ့ရှိ ဘောလုံးကွင်းထဲမှာ ပြုလုပ်လျှက်ရှိပါတယ်။၁) ရွှေလင်းယုန်ဆရာတော်
ဘဒ္ဒန္တအရ၀ိန္ဒာဘိဝံသ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ
( ၁၅.၁၁.၂၀၁၂)
၂) အရှင်တိက္ခသာရ
သာသနာ့ဓဇဓမ္မာစရိယ
(၁၇.၁၁.၂၀၁၂)
၃) အရှင်ခေမိန္ဒတို့ဖြစ်ကြပြီး တရားပွဲမှာ တစ်ရက်ခြားကျင်းပတာဖြစ်ပါတယ်။
နယ်လှည့်ဓမ္မကထိက ( စစ်ကိုင်း၊ ခင်မကန်)
(၁၉.၁၁.၂၀၁၂)
တာလေမြို့နယ်ခွဲတွင် ယခုလို တရားပွဲမျိုး နှစ်စဉ်ပြုလုပ်လေ့ ပြုလုပ်ဖူးလေ့မရှိတဲ့အတွက် လူကြီး လူငယ်များနှင့် အလှူရှင်များ၏ ပူးပေါင်းဆောင်ရွက် ကျင်းပနိုင်မှုကြောင့် ဒေသခံ တရားနာပရိသတ်များမှ ၀မ်းသာပီတိကျေးဇူးတင်ကြကြောင်းလည်း သိရှိခဲ့ရပါတယ်။
အဆိုပါတရားပွဲသို့ တာချီလိတ်မြို့ရှိ အမျိုး ဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှလည်း သွားရောက်ကူညီပေးခဲ့ကြပါတယ်။
တာလေမြို့နယ်ခွဲတွင် လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် ရှားရှားပါးပါး တစ်ခုတည်းသော အသင်း တစ်သင်းရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ အဆိုပါအသင်း၏ လုပ်ဆောင်ချက်မှာ သာရေး နာရေး ဘာသာရေး နှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေလျှက်ရှိပြီး နာရေးကူညီမှုအနေဖြင့် နာရေးကူညီမှု(၁၄)ခု ကူညီဆောင်ရွက်ပေးခဲ့ကြပြီး လူမှုအကျိုးအနေဖြင့် အ.ထ.က(တာလေမြို့နယ်ခွဲ)ကျောင်းတွင်လည်း သန့်ရှင်းရေးများ ပြုလုပ်ခဲ့ပြီးကြောင်း သိရှိရပါတယ်။
တာလေမြို့နယ်ခွဲတွင် ရှိသော လူမှုအကျိုးပြုအသင်း၏ အမည်မှာ လောကပါလ ပရဟိတ သာရေး/နာရေး အသင်း ဖြစ်ပြီး ၎င်းတို့အား ဆက်သွယ်နိုင်ရန်မှာ
ဖြစ်ပါတယ်။ဦးညိမ်းသောင်လောကပါလ ပရဟိတ သာရေး/နာရေး အသင်းမြန်မာဖုန်း - 094-580 34854တာလေမြို့နယ်ခွဲ
ပုံများကိုကြည့်ရန်









Social Buttons