Writen by
Tachileik News Agency
9:48 AM
-
0
Comments
နိုဝင်ဘာ(၁၈)ရက်နေ့ နံနက်(၉း၁၅)နာရီမှ နံနက်(၉း၄၅)နာရီထိ အ.ထ.က(တာချီလိတ်) ကျောင်းခန်းမမှာ တာချီလိတ်မြို့ရှိ ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစုခြင်း အခြေခံပညာ(ကျောင်းကြက်ခြေနီ)အမှတ်စဉ် (၁/၂၀၁၂) သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။အဆိုပါအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောလွင် အပါအ၀င် ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။
ရှေးဦးပြုစုခြင်း အခြေခံပညာ(ကျောင်းကြက်ခြေနီ)သင်တန်းအဖြစ် ပို့ချခဲ့ကြသော ကျောင်းများကတော့ အ.ထ.က(တာချီလိတ်) နှင့် အ.ထ.က(ဆန်ဆိုင်း)တို့ ဖြစ်ကြပြီး အဆိုပါသင်တန်းအား တက်ရောက်သင်ကြားခဲ့သူများမှာ အ.ထ.က(တာချီလိတ်)မှ ကျောင်းသား/သူ စုစုပေါင်း (၁၁၃)ဦး နှင့် အ.ထ.က(ဆန်ဆိုင်း)မှ ကျောင်းသား/သူ စုစုပေါင်း(၄၆)ဦး ကျောင်း(၂)ကျောင်း၏ တက်ရောက်သင်ကြားသူ စုစုပေါင်းမှာ (၁၅၉)ဦးရှိကြောင်း သိရပါတယ်။
ဆက်လက်ပြီး တာချီလိတ်ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်နွေးနွေးလင်း နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဥက္ကဌ ဒေါ်ရွှေမိုးသူဇာ(ကိုယ်စား) တို့မှလည်း အဆိုပါ ကျောင်း(၂)ကျောင်းအား ရှေးဦးပြုစုခြင်း ဆေးသေတ္တာများကို လှူဒါန်းခဲ့ကြပါတယ်။
မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်








Social Buttons