Writen by
Tachileik News Agency
8:14 AM
-
0
Comments
တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် စီစီအေ ကျောင်းမိသားစုအဆင့် တတိယအကြိမ်ဆွေးနွေးပွဲနှင့် မူလတန်းမှ အလယ်တန်းထိ အတန်းလိုက် အခြေခံစိုက်ပျိုးရေးပညာ ဘာသာရပ်သင်ကြားနေမှု အတွေ့အကြုံများကို ဆွေးနွေးကြကြောင်း သိရှိရပါသည်။
တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် မိုင်းဖုန်း(ခ)ကျောင်းမိသားစု စီစီအေ ကျောင်းမိသားစုအဆင့် တတိယအကြိမ်ဆွေးနွေးပွဲ အခမ်းအနားအား နိုဝင်ဘာ(၁၇)ရက်နေ့ နံနက်(၉)နာရီက ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်း ဇာတိမာန်ခန်းမတွင် ကျင်းပခဲ့ပါသည်။
{ကျောင်းအုပ်စုမှူး ဦးမြင့်ဝင်းလှ}
အခမ်းအနားသို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင်းမှ ကျောင်းအုပ်စုမှူး ဦးမြင့်ဝင်းလှ ဦးဆောင်သော အုပ်စုတွင်းကျောင်းအုပ်ကြီးများနှင့် လက်ထောက်ဆရာ ဆရာမများတက်ရောက် ဆွေးနွေးခဲ့ပါသည်။
ယခုဆွေးနွေးပွဲတွင် (၂၀၁၂-၂၀၁၃) ပညာသင်နှစ်တစ်လျှောက် ၂၀၁၂ခုနှစ် နိုဝင်ဘာလ(၂၅)ရက် အတွင်း စီစီအေနည်းဖြင့်သင်ကြားခဲ့သည့် သိပ္ပံဘာသာရပ် သင်ပြနည်းနှင့် သင်ထောက်ကူပစ္စည်းများ ထိရောက်စွာ သုံးခဲ့မှုများအား ကျောင်းအလိုက် ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် နိုဝင်ဘာလတွင် လက်ခံရရှိခဲ့သော မူလတန်းမှအလယ်တန်းထိ အတန်းလိုက် အခြေခံစိုက်ပျိုးရေးပညာ သင်ကြားနေမှု အတွေ့အကြုံများအား ကျောင်းအလိုက် လက်တွေ့သင်ကြားသင်ယူမှု ဆောင်ရွက်နေမှုဆိုင်ရာ အားနည်းချက်အားသာချက်များကို ဆွေးနွေးခဲ့ကြပါသည်။ ကျောင်းအုပ်စုမှူးဦးမြင့်ဝင်းလှ က ဆွေးနွေးချက်များကို နိဂုံးချုပ် အကြံပြု၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ။ ။မြတ်မျိုးမြင့်မာန်
ပုံများကိုကြည့်ရန်





Social Buttons