Latest News

Dropdown Menu

Saturday, November 17, 2012

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များမှ အ.ထ.က(ဟောင်လိတ်)နှင့် အ.မ.က(လွယ်တော်ခမ်း)တို့တွင် ပညာရေးအတွက် လှူဒါန်းမှုများပြုလုပ်

၂၀၁၂ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ဦးဆောင်ပြီး ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များသည် အ.ထ.က(ဟောင်လိတ်) နှင့် လွယ်တော်ခမ်း အ.မ.က တို့တွင် ပညာရေးအတွက် စာသင်ခုံများနှင့် လိုအပ်သည်များ လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။



နိုဝင်ဘာ(၁၇)ရက်နေ့ နံနက်ပိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ဦးဆောင်ပြီး မိုင်းဖြတ်ခရိုင်ကော်မတီဝင် ဦးစိုင်းဆွမ်ဝန်း၊ ဦးဘိုစံ၊ ဦးလွန်းသူ နှင့် မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းအပါအ၀င် မြို့နယ်ကော်မတီဝင် ဦးဝင်းလှိုင်ဦး နှင့်အဖွဲ့တို့သည် အ.ထ.က(ဟောင်လိတ်)ကျောင်းတွင် လိုအပ်နေလျှက်ရှိသော စာသင်ခုံများကို လှူဒါန်းရန်အတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေး နှင့် ဆရာ ဆရာမများထံ တန်ဘိုးငွေ ဘတ်(၁၀၀၀၀)ရှိသော စာသင်ခုံ(၂၀)စုံတို့အား ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။



ဆက်လက်ပြီး ၎င်းတို့အဖွဲ့သည် နေ့လည်(၁၂)နာရီခန့်က လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ဖားဟိရွာ(အထက်အောက်) (၂)ရွာရှိ အ.မ.က စာသင်ကျောင်းတွင် လိုအပ်နေလျှက်ရှိသည့် ဘိလပ်မြေ(၁၅၀)အိတ်နှင့် အိမ်မိုးသွပ်(၁၅၀)ချပ်အား ကျေးရွာအုပ်စုရှိ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။

« PREV
NEXT »