Latest News

Dropdown Menu

Friday, June 28, 2013

မဲပေါက်ထားသော CDMA 800MHz ဖုန်းကဒ်များအား ဇူလိုင်လ ၂ ရက်နေ့ နောက်ဆုံးထား၍ လာရောက်ထုတ်ယူရန်လို

တာချီလိတ်မြို့နယ်တွင် (၁၅၀၀)ကျပ်တန် တန်ဘိုးနည်း CDMA 800MHZ ဖုန်းကဒ်များကို တတိယအကြိမ်အဖြစ် မဲနှိုက်၍ ရောင်းချပေးရာ မဲပေါက်သူများမှ သတ်မှတ်ထားသည့် ကာလအတွင်း ဖုန်းကဒ်များကို လာရောက်ထုတ်ယူရမှာဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်ပြီးမှ လာရောက်ထုတ်ယူပါက ကဒ်များ လိုင်းပိတ်သွားမှာဖြစ်ကြောင်းသိရသည်။

ဇွန်လ(၂၁)ရက်နေ့မှ စ၍ ကဒ်များကို ရောင်းချပေးလျှက်ရှိရာ ကဒ်များကို လာရောက်ထုတ်ယူရမည့် နောက်ဆုံးရက်မှာ ဇူလိုင်လ(၂)ရက်နေ့ သတ်မှတ်ထားပြီး အဆိုပါနေ့ထက် ကျော်လွန်သွားပါက ထုတ်ယူလို့ မရတော့ကြောင်း သိရသည်။

ဖုန်းကဒ်များကို ရောင်းချပေးသည့်ဌာနမှ ၀န်ထမ်းတစ်ဦးက "ဖုန်းကဒ်မဲပေါက်တဲ့ လူတွေအနေနဲ့ သတ်မှတ်ကာလမှာ လာထုတ်မှ အဆင်ပြေမှာပါ၊ ဖုန်းကဒ်လာထုတ်ရမဲ့ နေ့ကိုတော့ ဇူလိုင်လ(၂)ရက်နေ့ ညနေထိ နောက်ဆုံးထားပြီး ထုတ်ပေးနေပါမယ်။  သတ်မှတ်ရက်ထက် ကျော်လွန်သွားရင်တော့ ကဒ်ပိတ်သွားမှာဖြစ်လို့ သတ်မှတ်ရက်အတွင်း လာရောက် ထုတ်ယူစေချင်ပါတယ်"ဟု ပြောကြားလာသည်။

တာချီလိတ်ခရိုင်အတွင်းရှိ ပြည်သူများအတွက် ဧပြီလက တန်ဘိုးနည်း CDMA 800MHz မိုဘိုင်းလ်ဖုန်း အလုံး(၇၀၀)၊ မေလက အလုံး(၇၀၀) နှင့် ယခုဇွန်လအတွက် အလုံးရေ (၂၇၀၀)အထိ တိုးမြှင့် သုံးစွဲခွင့်ပြုခဲ့ကြောင်း သိရသည်။

« PREV
NEXT »