Latest News

Dropdown Menu

Tuesday, July 2, 2013

၂၀၁၃ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား)၊ ရပ်ကွက်/ကျေးရွာ အလွတ်တန်းဘောလုံးပြိုင်ပွဲကို ဇူလိုင်(၁၀)ရက်နေ့မှာ စတင်ကျင်းပမည်


၂၀၁၃ခုနှစ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား)၊ ရပ်ကွက်/ကျေးရွာ အလွတ်တန်းဘောလုံးပြိုင်ပွဲကို တာချီလိတ်မြို့နယ် မြို့မအားကစားကွင်း၌ ဇူလိုင်လ(၁၀)ရက်နေ့မှ သြဂုတ်လ(၂၀)ရက်နေ့ထိ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၁၀)ရက်နေ့၊ ညနေ(၃)နာရီမှာ မြို့မအားကစားကွင်းတွင် အဆိုပါပြိုင်ပွဲအား ဖွင့်ပွဲအဖြစ်ပြုလုပ်မှာဖြစ်ပြီး ပွဲဦးထွက်ယှဉ်ပြိုင်ကစားပွဲကို ၂၀၁၂ခုနှစ် ချန်ပီယံ ဖန်မင်ကျေးရွာအသင်းနှင့်ဆန်ဆိုင်း(က)အသင်းတို့ ကစားကြမှာဖြစ်ကြောင်း သိရသည်။


ပြိုင်ပွဲဝင် ရပ်ကွက်/ကျေးရွာ အုပ်စုများ အနေဖြင့်

အုပ်စု (က) အုပ်စု (ခ)အုပ်စု (ဂ) အုပ်စု (ဃ)
 ဖန်မင် ၀မ်ကောင်း မယ်ခေါင် မကာဟိုခမ်း (က)
 ပုန်းထွန် တာလော့ မိုင်းဖုန်း (က) လွယ်တော်ခမ်း
 ဆန်ဆိုင်းအောက် (A) ဟောင်လိတ် မိုင်းဖုန်း (ခ) မိုင်းကိုး
 ဆန်ဆိုင်း ( ထက် ) တာလေ မကာဟိုခမ်း (ခ) ဆန်ဆိုင်းအောက် (B)
တို့ဖြစ်ပြီး ပထမ/ဒုတိယအဆင့် အုပ်စုပတ်လည် ပွဲစဉ်ဇယားနှင့် အကြိုဗိုလ်လုပွဲအပြင် ဗိုလ်လုပွဲ ဇယားများကို အောက်ပါ ဇယားတွင် ကြည့်ရှု့နိုင်ပါသည်။

 { ပထမအဆင့် အုပ်စုပတ်လည် ပွဲစဉ်ဇယား}

 { ဒုတိယအဆင့် အုပ်စုပတ်လည်နှင့် ဗိုလ်လုပွဲ ပွဲစဉ်ဇယား}

ပြီးခဲ့သော ၂၀၁၂ခုနှစ်က အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူး ဖလားတွင် အုပ်စု(ခ)မှ ဖန်မင်ဘောလုံးအသင်းနှင့် အုပ်စု(ဃ)မှ မယ်ခေါင်(က)ဘောလုံးအသင်းတို့ ဗိုလ်လုပွဲတွင် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာ ဖန်မင်ဘောလုံးအသင်းမှ ဗိုလ်စွဲသွားခဲ့ခြင်းဖြစ်သည်။


« PREV
NEXT »