Latest News

Dropdown Menu

Wednesday, August 7, 2013

တာချီလိတ်မြို့နယ် ပညာရေးမှူးဖလား အသက် ၁၂ နှစ်အောက် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲ ကျင်းပ

 တာချီလိတ်မြို့နယ်ပညာရေးမှူးဖလား အသက်(၁၂)နှစ်အောက် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို (၇.၈.၂၀၁၃)ရက်နေ့ နံနက် ၉နာရီတွင် တာချီလိတ်မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါ ဗိုလ်လုပွဲတွင် အ.ထ.က မိုင်းကိုးအသင်းနှင့် မူလွန်ရန်အောင်မြေအသင်းတို့ ယှဉ်ပြိုင်ကြရာ အ.ထ.က မိုင်းကိုးအသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ပထမဆုရရှိသော မိုင်းကိုး အ.ထ.က အသင်းနှင့် ကျောင်းအား မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက ဆုချီးမြှင့်ပေးခဲ့ပြီး ဒုတိယဆုရရှိသော အသင်းအား မြို့နယ်အား/ကာဦးစီးအရာရှိမှ ဆုချီးမြှင့်ခဲ့ပါသည်။


အဆိုပါဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်း အပါအ၀င် မိဘပြည်သူများနှင့် ဌာနဆိုင်ရာများက ကူညီပံ့ပိုးခဲ့ကြပြီး အလားတူ အသက်(၁၆)နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲများကို သြဂုတ်လ ၂၆ ရက်နေ့တွင် စတင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။        ။ မြတ်မျိုးမြင့်မာန်


« PREV
NEXT »