Writen by
Tachileik News Agency
5:45 AM
-
0
Comments
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား ယခုအခါမှာ အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်ပွဲ နှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား သြဂုတ်လ ၈ ရက် နံနက် ၁၀ နာရီက ကျင်းပရာ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် တွဲဖက်ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့်အတူ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၈၄၀ ဖြင့် ဆောက်လုပ်ခဲ့ပြီးဖြစ်သော ပေ၁၄၀ x ၃၀ပေ ရှိသည့် ၂ ထပ် အုတ်ညှပ် ကျောင်းဆောင်သစ်အား အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထိုဖွင့်ပွဲမတိုင်မီ မိုင်းကိုးကျေးရွာအုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မိုင်းကိုးအား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်ပွဲကို နံနက် ၉ နာရီက ပြုလုပ်ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး တို့ အပါအ၀င် တွဲဖက်ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့် နှင့် ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် မိုင်းဖုန်း(က)အုပ်စုရှိ ၀မ်တုံ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ခြင်းအဖြစ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ တက်ရောက်လာခဲ့ကြပြီး တွဲဖက်ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မိုင်းဖုန်း(က)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဆွန်လစ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးလက်ပညာရေးကဏ္ဍနှင့် မြို့ပေါ်ပညာရေးကဏ္ဍများတွင် အဖက်ဖက်မှ ပံ့ပိုးကူညီ လှူဒါန်းပေးနေလျှက်ရှိသော မဇ္ဈိမလူမှုကူညီရေးအသင်းမှလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယနေ့အဆင့်တိုးမြှင့်ခြင်းအဖြစ် ဖွင့်လှစ်လိုက်သော တာချီလိတ်မြို့နယ်ရှိ အ.ထ.က မိုင်းကိုး နှင့် အ.ထ.က ဟောင်လိတ် တို့သည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ( ၂၈/၂၀၁၂)မှ သဘောတူညီချက်အရ အဆင့်တိုးမြှင့်ခြင်း သတ်မှတ်ခံရသော ကျောင်းများစာရင်းတွင် ပါဝင်သော ကျောင်းများဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
53 photos
Social Buttons