Writen by
Tachileik News Agency
12:28 AM
-
0
Comments
တာချီလိတ် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ မှ ကြီးမှူးကျင်းပသည့် "ပဋ္ဌာန်းဒေသနာတော်" ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ပွဲအား အောက်တိုဘာလ ၁၅ရက်၊ နံနက် ၈နာရီ အချိန်က စတင်၍ တာချီလိတ်မြို့နယ် ဓမ္မာရုံတွင် ကျင်းပပြုလုပ်လျှက်ရှိရာ ပြိုင်ပွဲဝင်သည့် ၀တ်ရွတ်အသင်း ၁၅ သင်း ရှိကြောင်း သိရသည်။အဆိုပါပြိုင်ပွဲအား နံနက် ၈နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များက ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဇနက ( မဟာဓမ္မာစရိယ )ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် ရွှေစေတီသာမဏေကျော် စာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တပညာစက္ကာရ ( ပထမကျော် သာသနာ့ဓဇ ဓမ္မာစရိယ )မှ ပဋ္ဌာန်းဒေသနာတော်နှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားတော်မှုသည်။ ယင်းနောက် ဖွင့်ပွဲအခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု ၃ ကြိမ်ရွတ်ဆိုကာ ရုတ်သိမ်းခဲ့ကြသည်။
ယခုပါဝင် ယှဉ်ပြိုင်ကြသည့် ၀တ်ရွတ်အသင်းများမှာ တာချီလိတ်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ၀တ်အသင်း၊ ၀မ်ကောင်း+မယ်ခေါင်ရပ်ကွက်ဝတ်အသင်း၊ ပုန်းထွန်+တာလော့ရပ်ကွက် ၀တ်အသင်း၊ အလင်းရောင်ပရဟိတအသင်း၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ ၀တ်အသင်း၊ မကာဟိုခမ်း+ဆန်ဆိုင်း(ခ)ရပ်ကွက် ၀တ်အသင်း၊ ဟောင်လိတ်ကျေးရွာအုပ်စု ၀တ်အသင်း၊ အဘိဓမ္မာ ပြန့်ပွားရေးအသင်း၊ ဂေါ်ရခါးမဂ္ဂင်ရိပ်သာ ၀တ်အသင်း၊ ဆန်ဆိုင်း(က) ၀တ်အသင်း၊ မဇ္ဈိမလူမှုကူညီရေး ၀တ်အသင်း၊ ပုန်းထွန်(အ.လ.က) ၀တ်အသင်း၊ အ.ထ.က(တာချီလိတ်) ၀တ်အသင်း၊ ဆန်ဆိုင်း(အ.ထ.က) ၀တ်အသင်း နှင့်
ဟောင်လိတ်(အ.ထ.က) ၀တ်အသင်း တို့ဖြစ်ပြီး ပြိုင်ပွဲကာလအား အောက်တိုဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၈ ရက်နေ့ထိ ပြုလုပ်မှာဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်
33 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Social Buttons