Latest News

Dropdown Menu

Wednesday, October 16, 2013

မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိလာသူ နှင့် အိမ်ရှင်အား မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ် မှ ဖမ်းဆီးအရေးယူ

မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ် မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်၊ ပလောင်ကုန်း ရှိ နေအိမ်တစ်အိမ်၌ စိတ်ကြွဆေးပြား ၃၆၇ ပြား နှင့် အိမ်ရှင်ဖြစ်သူ အပါအ၀င် မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိနေသူ တရားခံ ၄ ဦးတို့အပြင် ကျည်အနည်းငယ်တို့ကို တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ် မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ အဆိုပါ နေအိမ်အား ၀င်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ အသက် ၆၅ နှစ် အရွယ်ရှိ ဒေါ်နန်းခမ်းxx နှင့် အတူ မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်နေသူ အိုက်အေးxxx၊ စိုင်းလုံxxx၊ စိုင်းဆိုင်xxx သိန်းဦးxxx တို့ ၄ ဦးအား တွေ့ရှိရပြီး နေအိမ်ရှိ ဒေါ်နန်းခမ်းxx အိပ်သည့် အိပ်ခန်း အတွင်းအား ရှာဖွေစစ်ဆေးရာ အိပ်ယာခေါင်းအုံးအောက်ရှိ ပိုက်ဆံအိတ်အတွင်းမှ အပြာရောင်ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၀၀ ပြားပါသည့် ၁ ထုပ်၊ ကော်ဖီမစ်အိတ်ဖြင့် ထည့်လျှက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၆၇ ပြားပါ ၁ ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား ၃၆၇ ပြား တို့ကို တွေ့ရှိရသည်။

ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေရာ နေအိမ်အောက်ထပ် အိပ်ခန်းရှိ ကုတင်အံ့ဆွဲအတွင်းမှ ၉ မမ ပစ္စတို ကျည်ကဒ် ၁ ခု နှင့် ၎င်းကျည် ၃ တောင့်တို့အား ရှာဖွေ တွေ့ရှိသဖြင့် မူးယစ်ဆေးဝါးများ အပါအ၀င် ခဲယမ်းများနှင့် လက်ဝယ်တွေ့ရှိရသူ ဒေါ်နန်းခမ်းxxx နှင့် မူးယစ်ဆေးဝါး သုံးစွဲရန်ရောက်ရှိ နေသူများဖြစ်သည့် အိုက်အေးxxx၊ စိုင်းလုံxxx၊ စိုင်းဆိုင်xxx နှင့် သိန်းဦးxxx  တို့ ၅ ဦးအား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၁၂၈/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »