Latest News

Dropdown Menu

Sunday, October 27, 2013

စိန်ဂျူဒ်ကက်သလစ်သာသနာ ကျောင်းတော်ကြီးပွဲတော်နေ့ တာချီလိတ်၌ ကျင်းပ

၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၇ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ စိန်ဂျုဒ်ဘုရားကျောင်း၌ စိန်ဂျူဒ်ကက်သလစ်သာသနာ ကျောင်းတော်ကြီးပွဲတော်အား ဘာသာတူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။




ယခုပြုလုပ်သော စိန်ဂျူဒ်ကက်သလစ်သာသနာ ကျောင်းတော်ကြီးပွဲတော်သို့ ကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော် ပီတာလွီစ် ကျာခူ နှင့် အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဘုန်းတော်ကြီးများ အပါအ၀င် ဘာသာတူ ဧည်သည့်တော်များ တက်ရောက်လာခဲ့ကြပြီး ပွဲတော်ကြီးနေ့၏ နံနက်ပိုင်းတွင် ဘာသာရေးဆုတောင်းခြင်းနှင့် စတုဒီသာ အကျွေးအမွေးများဖြင့် ဧည့်ခံခြင်းအပြင် ပျော်ပွဲ၊ ရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
စိန်ဂျူဒ်ကက်သလစ်သာသနာ ကျောင်းတော်ကြီးပွဲတော်နေ့ တာချီလိတ်၌ ကျင်းပ
48 photos


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »