Writen by
Tachileik News Agency
6:37 AM
-
0
Comments
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ "တရုတ် ဘုံနတ်ကျောင်း"အား "ကိုးမြို့ရှင်ပြည်သူ့နတ်နန်း"အဖြစ် အသစ်ပြန်လည် တည်ဆောက်မည်ဖြစ်သည့်အတွက် ၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၆ရက် နံနက်ပိုင်းကနတ်နန်းအဆောက်အဦ တည်ဆောက်ရန် မတည်အလှူငွေ ပေးအပ်ပွဲကို တရုတ် ဘုံနတ်ကျောင်း၌
ပြုလုပ်ခဲ့ကြသည်။
အလှူငွေပေးအပ်ပွဲတွင် တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ အပါအ၀င် ဟုတ်တက်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ ဂေါပကအဖွဲ့ဝင်များ နှင့် အလှူရှင်များမှ တက်ရောက်လာကြရာ "ကိုးမြို့ရှင်ပြည်သူ့နတ်နန်း"ဖြစ်မြောက်ရန်အတွက် ပါဝင်လှူဒါန်းကြသော အလှူငွေများကို တက်ရောက်လာသည့် အကြီးအကဲများမှ လက်ခံရယူပေးရာ ဟုတ်တက်ဗုဒ္ဓဘာသာဘုရားကျောင်းမှ မတည်ငွေ ဘတ်သိန်း ၃၀ အပါအ၀င် စုစုပေါင်း ဘတ်သိန်း ၅၀ ကျော် ရှိကြောင်း သိရသည်။
"ကိုးမြို့ရှင်ပြည်သူ့နတ်နန်း ဆိုတဲ့ နတ်နန်းအမည်ကို အားလုံးဝိုင်းပြီး စဉ်းစားပြီးပေးခဲ့ပါတယ်၊ အလှူငွေဖြတ်ပိုင်း လုပ်ခါနီးမှာမှ ဒီနာမည်ကို သတ်မှတ်ဖြစ်တာ၊ ခုက အသစ်တည်ဆောက်တော့မယ် ဆိုတော့ အမည်လည်း အသစ်ပဲ ဖြစ်စေချင်လို့ပါ "ဟု နတ်နန်းဖြစ်မြောက်ရေးအဖွဲ့ဝင် တစ်ဦးမှ အမည်ပြောင်းလဲ သတ်မှတ်ခြင်းနှင့် ပတ်သက်၍ တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။
လက်ရှိ နတ်နန်းအား ၁၉၅၀ခုနှစ် ၀န်းကျင်က တည်ဆောက်ခဲ့တာဖြစ်ပြီး အဆိုပါ နတ်နန်းအား ဒုတိယအကြိမ် ပြုပြင်မွမ်းမံအဖြစ် ၁၉၇၁ခုနှစ်က ပြုလုပ်ခဲ့တာဖြစ်ကြောင်းနှင့် နှစ်ပေါင်း ၆၀ကျော် ကြာမြင့်ခဲ့သည့် နတ်နန်းအား ယခုအခါမှာ ခမ်းနားထည်ဝါစွာအသွင်အဖြစ် ပြောင်းလဲတည်ဆောက်မှာ ဖြစ်ကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
Social Buttons