Latest News

Dropdown Menu

Saturday, October 26, 2013

နယ်မြေရှင်းလင်းရာမှ ကျပ်သိန်းပေါင်း ၄၈၈ သိန်းခန့် တန်ဖိုးရှိသည့် ပိုင်ရှင်မဲ့ ကဖင်းများ ထပ်မံ ရှာဖွေတွေ့ရှိ

၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၅ရက်၊ နံနက် ၉နာရီခွဲအချိန်က တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်ခွဲ၊ နမ့်ခင်းကျေးရွာအနီးမှာ နယ်မြေခံတပ်ဖွဲ့ဝင်များ နှင့် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်အဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းနေစဉ် ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၄၈၈ သိန်းခန့် တန်ဖိုးရှိသည့် ပိုင်ရှင်မဲ့ ကဖင်းများအား ရှာဖွေတွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ပူးပေါင်းအဖွဲ့တို့သည် အောက်တိုဘာလ ၂၄ရက်နေ့က အဆိုပါနယ်မြေအတွင်း ရှင်းလင်းမှုများပြုလုပ်နေစဉ်  ခြုံကြား၌ ၀ှက်၍သိမ်းဆည်းထားသည့် ကာလတန်ဖိုးငွေ ကျပ် ၈၄၄သိန်းခန့် တန်ဖိုးရှိသည့် ဆာလာအိတ် ၄၅အိတ်ဖြင့် ထည့်ထားသော ကဖင်း ၁၁၂၅ ကီလိုအား ရှာဖွေတွေ့ရှိရာမှ ဆက်လက်၍ အနီးအနားတစ်ဝိုက်အား နယ်မြေရှင်းလင်းရာ အောက်တိုဘာလ ၂၅ရက်နေ့မှာ ဆာလာအိတ် ၂၆အိတ်ဖြင့် ထည့်ထားသည့် ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၄၈၈ သိန်းခန့် တန်ဖိုးရှိသော ကဖင်း ၆၅၀ ကီလိုအား ထပ်မံ၍ ရှာဖွေ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။


ထိုသို့ ရှာဖွေသိမ်းဆည်းရမိသည့် ပိုင်ရှင်မဲ့ ကဖင်များနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ဆက်လက် စုံစမ်းဖော်ထုတ် အရေးယူ ဆောင်ရွက်သွားရန်အတွက် မိုင်းပါလျှိုးရဲစခန်းမှ  မယ(ပ)၃/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၆(ခ)/၁၉(က)အရ အမှုဖွင့် ထားရှိကြောင်း သတင်းရရှိသည်။

"အရင်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ဖမ်းဆီးတာတွေ နည်းနည်းပါးပါးပဲ ကြားရတယ်၊ အခုတော့ သတင်းတွေမှာ ဖော်ပြပေးတဲ့အတွက် မူးယစ်ဆေးဝါးတွေ များများဖမ်းမိတယ်ဆိုတာကို သိရတာပေါ့၊ အခုတစ်လထဲမှာ အံ့သြစရာ ကောင်းလောက်အောင် မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာတွေက ဖမ်းဆီးနိုင်တဲ့အတွက် ၀မ်းသာပါတယ်၊ ဆက်လက်၍လည်း လူညွှန့်တုံးစေမဲ့ မူးယစ်ဆေးဝါးတွေကို ရှာဖွေဖမ်းဆီး ပေးကြပါလို့ ပြောချင်ပါတယ်"ဟု တာလော့ရပ်ကွက်နေ တာချီလိတ်အွန်လိုင်း ပရိသတ်တစ်ဦးမှ ပြောလာသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »