Latest News

Dropdown Menu

Friday, October 25, 2013

တာချီလိတ်၌ GSM ဖုန်းကဒ် ၁၀၀၀ ကဒ်အား မဲနှိုက်ရောင်းချရာ လျှောက်လွှာပေါင်း ၉၃၃၉ ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွက် ၁၅၀၀ကျပ်တန် တန်ဖိုးနည်း ဖုန်းကဒ်များကို လစဉ်ပုံမှန် ချထားပေးနေလျှက်ရှိရာ အောက်တိုဘာလအတွက် GSM ဖုန်းကဒ် ၁၀၀၀ကဒ်အား အများပြည်သူများအတွက် ၂၅.၁၀.၂၀၁၃ရက် နေ့လည် ၁နာရီမှ စ၍ မဲနှိုက်ရောင်းချပေးရာ ယခုလ၌ လာရောက် လျှောက်ထားကြသူများမှာ ၂၁၉၂ ဦးရှိပြီး ယခင်လမှ မပေါက်ပဲ ကျန်ရှိနေသည့် လျှောက်လွှာများမှာ ၇၁၄၇ ရှိရာ လျှောက်လွှာစာရင်း စုစုပေါင်း ၉၃၃၉ စောင်အား ထည့်ဝင်၍ မဲနှိုက်သည့်အခါ၌ ဖုန်းကဒ် လျှောက်ထားကြသူများမှ နှစ်ယောက်တစ်တွဲဖြင့် မဲနှိုက်ခဲ့ကြသည်။


ပေါက်မဲများ၏ စာရင်းများကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ကြည့်ရှုနိုင်မှာဖြစ်ပြီး တာချီလိတ်အွန်လိုင်းတွင်လည်းဖော်ပြပေးသွားမည် ဖြစ်ပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »