Latest News

Dropdown Menu

Wednesday, December 25, 2013

၆၆ နှစ်မြောက် လွတ်လပ်ရေးအကြို တာချီလိတ်မှ စားပွဲတင် တင်းနစ်ပြိုင်ပွဲ

မြန်မာနိုင်ငံတွင် ကျရောက်မည့် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် အားကစားနည်း(၁၄)မျိုးဖြင့် ပြိုင်ပွဲများ အသီးသီးကျင်းပပြုလုပ်လျှက်ရှိရာ တာချီလိတ်မြို့ မိုးလုံလေလုံ အားကစားရုံ၌ ယနေ့ ဒီဇင်ဘာလ(၂၆)ရက် နံနက်ပိုင်းမှစ၍   (Table tennis) စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကို ဒီဇင်ဘာလ(၂၇)ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ စသည်တို့မှ ဆုရရှိသူများကို ဇန်န၀ါရီလ (၄)ရက် လွတ်လပ်ရေးနေ့ နံနက်ပိုင်း၌ မြို့မအားကစားကွင်းတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်မှာ ဖြစ်ကြောင်း သိရသည်။


ပြိုင်ပွဲများ၏ အစဖြစ်သော ကြက်တောင်ရိုက်ပြိုင်ပွဲအား ဒီဇင်ဘာလ(၁၈)ရက်နေ့က စတင်ကျင်းပလာခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၂၁)ရက် ညနေပိုင်းကပြုလုပ်ခဲ့ပြီးဖြစ်သလို ကျန်ရှိသည့် အားကစားပြိုင်ပွဲများကိုလည်း ဆက်လက်၍ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »