Writen by
Tachileik News Agency
5:27 AM
-
0
Comments
၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်၊ နံနက်(၇)နာရီအချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၌ မူးယစ်ဆေးဝါးအနည်းငယ် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဟိုနား အာခါရွာ၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းရရှိသည့်အတွက် ၀င်ရောက်ရှာဖွေစစ်ဆေးရာ အားယာ၏ နေအိမ်မှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၅၄)ပြားအား ရှာတွေ့ရှိရ၍ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အား ၀မ်ပုံနယ်မြေရဲစခန်းမှ မယ(ပ) ၁၀/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
Social Buttons