Writen by
Tachileik News Agency
9:03 AM
-
0
Comments
ယနေ့ ဒီဇင်ဘာလ(၂၆)ရက်၊ မွန်းလွဲ (၂း၃၅)နာရီအချိန်ခန့်က တာချီလိတ်မြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များမှ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင် သင်္ချိုင်းအနီး၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ အဖွဲ့သည် ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင် သင်္ချိုင်းအနီး၌ မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေကြစဉ် ပုန်းထွန်ရပ်ကွက်ဘက်မှ ၀မ်ကောင်းရပ်ကွက်ဘက်ရှိ မြို့ပတ်လမ်းအတိုင်း သတင်းရထားသူ အောင်မျိုးxxxသည် လမ်းလျှောက်လာစဉ် ၎င်းအား ရှာဖွေစစ်ဆေးရာ လွယ်အိတ်အတွင်းမှ Wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၁၀၀)ပြားအား တွေ့ရှိရ၍ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အောင်မျိုးxxx အား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ) ၁၇၈/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
Social Buttons