Writen by
Tachileik News Agency
12:04 AM
-
0
Comments
မြန်မာနိုင်ငံအတွင်း၌ နေထိုင်ကြသော တိုင်းရင်းသားများအနက် ရှမ်းပြည်နယ်၊ ရှမ်းတိုင်းရင်းသားများ အနေဖြင့် ရှမ်းပြည်နယ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ(၂၈)ရက် မွန်းလွှဲပိုင်း(၁)နာရီ အချိန်တွင် တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စုရှိ၊ ၀မ်လုံကျေးရွာ၊ ၀မ်လုံဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ တာချီလိတ်မြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများအနေဖြင့် တက်ရောက်လေ့လာ ဆွေးနွေးနိုင်ရန်အတွက် ယနေ့ ဒီဇင်ဘာ(၂၇)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ ရွှေတိဂုံစေတီအောက်ဘက်ရှိ နေအိမ်တစ်အိမ်မှာ ရှမ်းတိုင်းရင်းသားများတွေ့ဆုံကြပြီး အလွတ်သဘောအရကြိုတင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာမှာ ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေး ကော်မတီ(ဗဟို)မှ ပြုလုပ်ခဲ့ပြီးသော နည်းလမ်းများအတိုင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်(၉)မြို့နယ်မှ စုစုပေါင်း လူဦးရေ (၉၀)ဦးတို့အား ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ (၃)ရက်သာ အထူးသင်တန်း ပို့ချပေးနိုင်ရန်အတွက်ဖြစ်ကြောင်းနှင့် တာချီလိတ်မြို့နယ် အတွင်း၌လည်း ကော်မတီဖွဲ့စည်းနိုင်ရန် အတွက်လည်း ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စများနှင့် ပတ်သက်၍ အခမ်းအနားအား (၂၈.၁၂.၂၀၁၃) မွန်းလွှဲ(၁)နာရီမှာ ဟောင်လိတ်ကျေးရွာအုပ်စုရှိ၊ ၀မ်လုံကျေးရွာ၊ ၀မ်လုံဘုန်းကြီးကျောင်း၌ ပြုလုပ်မှာဖြစ်သည့်အတွက် ရှမ်းတိုင်းရင်းသားများအနေဖြင့် မပျက်မကွက်တက်ရောက်ရန် လိုကြောင်းကိုလည်း ယနေ့ ကြိုတင်အစည်းဝေးမှ ပြောကြားချက်များအရ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
Social Buttons