Latest News

Dropdown Menu

Friday, December 27, 2013

ဒီဇင်ဘာ နောက်ဆုံးအပတ် တာချီလိတ်၌ လူထုလမ်းလျှောက်

အေးသောရာသီ၊ ချမ်းသောရာသီ နှင့် နှစ်သစ်သို့ကူး နှစ်ဆုံးဖြစ်သော ဒီဇင်ဘာလ၏ လေးလပတ် လမ်းလျှောက်ပွဲကို တာချီလိတ်မြို့၌ ဒီဇင်ဘာလ(၇)ရက်နေ့မှ ဒီဇင်ဘာလ(၁၄)ရက်၊ ဒီဇင်ဘာလ(၂၁)ရက် နှင့် ယနေ့ ဒီဇင်ဘာလ(၂၈)ရက် စသည့် သတ်မှတ်ရက် (၄)ကြိမ်တိုင်တိုင် စနေနေ့တိုင်း နံနက်(၅)နာရီအချိန်မှာ တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်မှ မြို့မအားကစားသို့ စုပေါင်း လူထုလမ်းလျှောက်ပွဲကို တက်ကြွလှုပ်ရှားခဲ့ကြသည်ဖြစ်ရာ ယနေ့ဆိုလျှင် ၂၀၁၃ခုနှစ်၏ နောက်ဆုံး လူထုလမ်းလျှောက်ပွဲ ဖြစ်ပါသည်။

ထိုသို့ လမ်းလျှောက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ဦးဆောင်သော ပညာရေးမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ကျောင်းသူများ၊ အား/ကာမှ တာဝန်ရှိသူများနှင့် အားကစားသမားများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အသီးသီးမှ ပြည်သူလူထုများ စုပေါင်း၍ ပါဝင်ခဲ့ကြသည်။




အားကစားကွင်း၌ သွေးပူလေ့ကျင့်ခန်းအဖြစ် (၁၀)မိနစ် ပြုလုပ်ကြပြီးနောက် လူထုလမ်းလျှောက်ပွဲသို့ ဆင်နွှဲကြသူများအား သက်ဆိုင်ရာ ရပ်ကွက်များက ကောက်ညှင်းပေါင်း ပဲပြုတ်များ ပေးဝေပြီး ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးခဲ့ကြကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
« PREV
NEXT »