Writen by
Tachileik News Agency
12:10 AM
-
0
Comments
တာချီလိတ်မြို့ အဘကိုးမြို့ရှင် "ပြည်သူ့နတ်နန်း"အသစ် တည်ဆောက်ရေး၊ ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ(၂၈)ရက် နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ အဆိုပါ နတ်နန်းနေရာမှာ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မဟာမြတ်မုနိဆရာတော်ကြီး အမှူးပြုသော သံဃာတော်ကိုးပါးတို့မှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ကာ မြေသန့် မင်္ဂလာ ဆောင်ရွက်ပေးပြီးနောက် မဟာမြတ်မုနိဆရာတော်ကြီးမှ ပန္နက်တော်နေရာများအား မေတ္တာရေစင်သွန်းဖျန်းပေးပါသည်။ ထို့နောက် နတ်နန်းတည်ဆောက်ရေး ကော်မတီဝင်များမှ သံဃာတော်အရှင်သူမြတ်များအား န၀ကမ္မအလှူငွေများ လှူဒါန်းဆက်ကပ်ကြပါသည်။
ဆက်လက်၍ မင်္ဂလာအချိန်တွင် မဟာမြတ်မုနိဆရာတော်ကြီးမှ ကြာသပတေးထောင့်တွင် လည်းကောင်း၊ နာယက ဦးမောင်လေး၊ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ဒုတိယ ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ အတွင်းရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများမှ သက်ဆိုင်ရာ ထောင့်အသီးသီးတွင် လည်းကောင်း၊ ပန္နက်တော်များ ရိုက်သွင်းပေးကြကာ ဆရာတော်ကြီးမှ ၀မ်းမြောက်အနုမောသြ၀ါဒစကား မြတ်ကြားသည်။
ပန္နက်တော်တင် အခမ်းအနားအပြီးတွင် ကြွရောက်တော်မူလာကြသော သံဃာတော်များ၊ ကော်မတီဝင်များနှင့် အလှူရှင်များက စုပေါင်းမှတ်တမ်း ဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းပေးပို့သူ။ ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
Social Buttons